
နောက်ခံကစားသမားကို စာချုပ်သက်တမ်းတိုးနိုင်တော့မယ့် ဘာစီလိုနာ
ရက်သတ္တပတ်ပေါင်းများစွာဆွေးနွေးခဲ့ပြီးနောက် ဘာစီလိုနာဟာ နောက်ခံလူ ကွန်ဒီကို စာချုပ်သက်တမ်းတိုးနိုင်တော့မယ်လို့ သိရပါတယ်။ ဘာစီလိုနာအတွက် ကွန်ဒီကို စာချုပ်သက်တမ်းတိုးနိုင်ဖို့က ဦးစားပေးဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့်လည်း အသက် ၂၆ နှစ်သားကို အသင်းမှာဆက်ထိန်းနိုင်မယ်လို့ ဘာစီလိုနာဘက်က ယုံကြည်နေပါတယ်။ ပြင်သစ်သားကို အာဆင်နယ်က စိတ်ဝင်စားနေသလို စီးတီးကလည်း ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ ၂ ဦး ၂ ဖက်ဆွေးနွေးနေတာအဆင်ပြေနေပြီး လာမယ့်ရာသီသစ်မတိုင်ခင် စာချုပ်သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။
ရိုမာနိုကလည်း ကွန်ဒီရဲ့စာချုပ်သစ်အခြေအနေနဲ့ပတ်သက်ပြီး သူ့အမြင်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကွန်ဒီ နဲ့ ဘာစီလိုနာတို့ကြားစာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ၂၀၃၀ အထိ စာချုပ်သက်တမ်းတိုးချင်နေပါတယ်။ လာမယ့်အပတ်ထဲမှာ ကွန်ဒီဟာ ကနဦးစာရွက်စာတမ်းတွေကို လက်မှတ်ထိုးမှာဖြစ်ပြီး တောင်ကိုရီးယားကနေပြန်လာချိန်မှာ အပြီးသတ်မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကွန်ဒီဟာ လာလီဂါ ၃၈ ပွဲမှာ ၂၉ ပွဲကို ပွဲထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး ဖလစ်ရဲ့အသင်းမှာ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်ရှိနေပါတယ်။
ဒါ့အပြင် လာလီဂါမှာ ဘာစီလိုနာရဲ့ဖြတ်ထုတ်မှုအများဆုံးအဖြစ် ၄၄ ကြိမ်မှာ ၄၃ ကြိမ်အနိုင်ရမှုနဲ့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဘာစီလိုနာနောက်တန်းမှာ သူ့ထက်ပိုပြီး ပွဲထွက်ခွင့်ရတဲ့သူအဖြစ် ကာဘာဆီတစ်ယောက်သာ ရပ်တည်နေပါတယ်။