The network connection is lost.

Banner Image

ရိုမဲရိုးကိုယူနိုက်တက် ခေါ်ယူသင့်တယ်လို့ အကြံပေးပြောကြားလာတဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အသင်းအနေနဲ့ နောက်တန်းပိုင်းကိုအင်အားဖြည့်တင်းဖို့အတွက် တော့တင်ဟမ်နောက်ခံလူ ခရစ်ရှင်ရိုမဲရိုးကိုခေါ်ယူသင့်ကြောင်း အကြံပေးပြောကြားလာခဲ့ပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ယူနိုက်တက်က တော့တင်ဟမ်ကို ၂-ဂိုး ၀-ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ရိုမဲရိုးဟာ အကောင်းဆုံးကစားသမား လို့တောင် ဆိုနိုင်ပေမဲ့ ဒါဟာ ပြိုင်ဘက်အသင်းအတွက် ဖြစ်နေပါတယ်။ အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနားနောက်ခံလူဟာ ကတ်စ်မဲရိုး အပေါ် ကြမ်းတမ်းစွာ ဖျတ်ထုတ်ခဲ့တာကြောင့် ပွဲကစားချိန် ၂၉ မိနစ်မှာတင် ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက အိုးထရက်ဖို့ဒ်ကွင်းထဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီအချိန်အထိ နှစ်သင်းစလုံးဟာ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးမျိုး မရသေးဘဲ ယူနိုက်တက်က အနည်းငယ် အသာစီးရနေတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒါဟာ ရိုမဲရိုးရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်မှာမဟုတ်ပါဘူး။ သူ့ရဲ့ အခြေအမြစ်မရှိတဲ့ လုပ်ရပ်တစ်ခုကြောင့်ပဲ မိုက်ကယ်ကားရစ်ရဲ့အသင်းအတွက် ပွဲက လွယ်ကူသွားခဲ့ပြီး သူ့အသင်းကတော့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဘရိုင်ယန် အမ်ဘွေမိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ သေသပ်လှပတဲ့ ဂိုးတွေကြောင့် မန်ယူက နိုင်ပွဲကို အပိုင်သိမ်းနိုင်ခဲ့ပြီး အဆင့် ၃ နေရာက အက်စတွန်ဗီလာနဲ့ ၃ မှတ်အကွာ၊ အဆင့် ၆ က လီဗာပူးနဲ့ ၅ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။

ရိုမဲရိုးရဲ့ ကြီးမားတဲ့ အမှားရှိခဲ့ပေမဲ့လည်း စခိုးလ်ကတော့ သူ့ကို ကစားသမားတစ်ယောက်အနေနဲ့ "သဘောကျတယ်" လို့ ဆိုထားပြီး ရိုမဲရိုးရဲ့ စရိုက်က ယူနိုက်တက်ဝတ်လဲခန်းအတွက် အကျိုးရှိစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ "The Good, The Bad and The Football" ပေါ့ကတ်စ်မှာ ဝါရင့်ကွင်းလယ်လူဟောင်းက "ကျွန်တော် သူ့ကို သဘောကျတယ်။ သူ့ရဲ့ ကစားပုံကို ကြည့်ရတာ နှစ်သက်တယ်။ သူ စပါးမှာ စိတ်ပျက်နေပြီ ထင်တယ်။ အဲဒီမှာ ဆက်မနေချင်တော့ဘူး။ ပရိသတ်တွေရော၊ ဘုတ်အဖွဲ့ဝင်တွေကိုပါ ပြဿနာရှာနေတာ တွေ့ရတယ်။ သူ စိတ်ကုန်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို ယူနိုက်တက်မှာ မြင်ချင်တယ်။ သူ့ရဲ့ စရိုက်ကို ကျွန်တော် အရမ်းသဘောကျတယ်" လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

စနေနေ့ပွဲအပြီးမှာတော့ စပါးနည်းပြ သောမတ်စ်ဖရန့်က သူ့ရဲ့ အသင်းခေါင်းဆောင်ဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပြီး ရိုမဲရိုးဟာ အသင်းအတွက် "ခေါင်းဆောင်တစ်ဦး" ဖြစ်သလို နေ့စဉ်လည်း "သင်ယူနေဆဲ" ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်က အာတ္တလန်တာအသင်းကနေ ပေါင် ၄၂.၅ သန်းနဲ့ ရောက်လာခဲ့တဲ့ အာဂျင်တီးနားနောက်ခံလူရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေဟာ သူ့ရဲ့ ပြင်းထန်တဲ့ စိတ်အားထက်သန်မှုနဲ့ ရန်လိုတဲ့ ကစားဟန်ကြောင့်ဖြစ်တယ်လို့ ဒိန်းမတ်လူမျိုး နည်းပြက ရှင်းပြခဲ့ပါတယ်။