The network connection is lost.

Banner Image

စပိန်အသင်းအတွက် ကစားပေးဖို့ အခွင့်အရေးရှိခဲ့တယ်လို့ အင်တာမိုင်ယာမီကြယ်ပွင့် မက်ဆီ ဖွင့်ဟ

အင်တာမိုင်ယာမီအသင်းရဲ့ ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီက သူဟာ ဘာစီလိုနာအသင်းမှာ ကစားသမားဘဝ စတင်စဉ်ကတည်းက စပိန်လက်ရွေးစင်အသင်းမှာ ကစားပေးဖို့ အခွင့်အရေးရှိခဲ့တယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက Miro de Arta နဲ့ အင်တာဗျူးရာမှာ စပိန်ဘောလုံးအဖွဲ့ချုပ် RFEF ဘက်က သူ့ကို ကမ်းလှမ်းခဲ့ပုံတွေကို ပြန်လည်ပြောပြခဲ့တာပါ။

"ကျွန်တော် ဘာစီလိုနာမှာ ကစားနေပြီဖြစ်တဲ့အတွက် တစ်ချိန်မှာတော့ အဲဒီလိုဖြစ်လာနိုင်ခြေ ရှိခဲ့ပါတယ်။ သူတို့ကလည်း အဲဒီအတွက် သွယ်ဝိုက်ပြီး အချက်ပြခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါဟာ လူငယ်ကစားသမား တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ သဘာဝတစ်ခုပါပဲ" လို့ မက်ဆီက ဆိုပါတယ်။

၎င်းက ဆက်လက်ပြီး "ကျွန်တော် ဘာစီလိုနာကို အသက်ငယ်ငယ်လေးကတည်းက ရောက်ခဲ့ပြီး လူငယ်အသင်းအဆင့်ဆင့်မှာ ကစားခဲ့ပေမဲ့ ကျွန်တော်ဟာ အာဂျင်တီးနားလူမျိုးဆိုတာ ရှင်းပါတယ်။ စပိန်အသင်းမှာ ကစားဖို့ ဖြစ်နိုင်ခြေ ရှိခဲ့တာတော့ အမှန်ပါပဲ" လို့ ပြောပါတယ်။

ဒါပေမဲ့ ရိုဆာရီယိုမြို့သားလေး မက်ဆီကတော့ သူ့ရဲ့ ရွေးချယ်မှုအပေါ် ဘာသံသယမှ မရှိခဲ့ပါဘူး။ "ကျွန်တော့်ရဲ့ ဆန္ဒက အမြဲတမ်း အာဂျင်တီးနားအတွက်ပဲ ကစားပေးဖို့ပါ" လို့ ၎င်းက ဆိုခဲ့ပါတယ်။