The network connection is lost.

Banner Image

ဘာစီလိုနာဂန္ထဝင် ဇာဗီကို မော်ရိုကိုဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်နေ

မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဟာ ဘာစီလိုနာနည်းပြဟောင်း ဇာဗီနဲ့ အဆက်အသွယ်တွေ ပြုလုပ်နေပါတယ်။

လက်ရှိမော်ရိုကိုနည်းပြ ဝါလစ် ရီဂရာဂူအီ အသင်းကနေ ထွက်ခွာတော့မယ့်ကိစ္စဟာ တရားဝင် မကြေညာသေးပေမဲ့ တကယ်ဖြစ်လာဖို့ သေချာသလောက် ရှိနေပါပြီ။

တရားဝင် ငြင်းဆိုမှုတွေ ရှိနေပေမဲ့ မော်ရိုကိုဘောလုံးအဖွဲ့ချုပ် အတွင်းပိုင်းမှာတော့ ဒီအပြောင်းအလဲဟာ မကြာခင်မှာ တကယ်ဖြစ်လာတော့မယ်လို့ ယူဆနေကြပါတယ်။

ဒီသတင်းတွေ ထွက်လာရတဲ့ အကြောင်းရင်းကတော့ ရီဂရာဂူအီရဲ့နေရာမှာ အစားထိုးဖို့ အဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ အမည်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနာမည်ဟာ အဖွဲ့ချုပ် ဒါရိုက်တာတွေကြားမှာ အစားထိုးဖို့ ရေပန်းအစားဆုံးဖြစ်နေသလို သူတို့တကယ်ကို အိပ်မက်မက်ပြီး ခေါ်ယူချင်နေတဲ့သူလည်း ဖြစ်ပါတယ်။

မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ အဲ့ဒီသူဟာ ဇာဗီဖြစ်ပြီး သူဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါချန်ပီယံဆုနဲ့ စပိန်စူပါဖလားတို့ကို ဆွတ်ခူးပေးခဲ့ပြီးနောက် လွန်ခဲ့တဲ့ တစ်ရာသီခွဲကတည်းက အသင်းလက်မဲ့ ဖြစ်နေတာပါ။

စီမံကိန်းအသစ်တစ်ခုကို စတင်ဖို့ စိတ်အားထက်သန်နေတဲ့ ဒီကတ်တလန်နည်းပြကြီးဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်းကို ဦးဆောင်ဖို့ အသင့်တော်ဆုံးလူဖြစ်တယ်လို့ မော်ရိုကိုအဖွဲ့ချုပ်က ယုံကြည်နေပါတယ်။

မော်ရိုကိုအဖွဲ့ချုပ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တဲ့ အောင်မြင်မှုကို အရှိန်အဟုန်မပျက် ဆက်သွားချင်နေတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့လက အာဖရိကဖလား ဗိုလ်လုပွဲမှာ ခါးသီးစွာ ရှုံးနိမ့်ခဲ့ရပြီးနောက်ပိုင်း ဇာဗီဟာ အသင်းအတွက် လှုံ့ဆော်မှုအသစ်တွေ ပေးနိုင်မယ့်သူလို့လည်း သူတို့က ယူဆနေကြပါတယ်။