The network connection is lost.

Banner Image

လူငယ်တွေကို ဆေးလိပ်မသောက်ဖို့ တိုက်တွန်းလိုက်တဲ့  ဘာစီလိုနာ ဂိုးသမား ဆက်ဇ်နီ

ဘာစီလိုနာ ဂိုးသမား ဝိုက်ချက် ဆက်ဇ်နီဟာ သူ့ ကိုယ်ရေးကိုယ်တာ နေထိုင်မှုပုံစံနှင့်ပတ်သက်၍ ဝေဖန်မှုများကြားတွင် လူငယ်များအား ဆေးလိပ်မသောက်ရန် တိုက်တွန်းလိုက်ပါတယ်။  ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဘာစီလိုနာ၏ အရေးပေါ်လိုအပ်ချက်ကြောင့် အနားယူခြင်းမှ ပြန်လည်ကစားခဲ့သော ပိုလန်လက်ရွေးစင် ဂိုးသမားက ဆေးလိပ်ဖြတ်ရန် ကြိုးစားသော်လည်း "ရှုံးနိမ့်ခဲ့ကြောင်း" ဝန်ခံခဲ့ပါတယ်။

အာဆင်နယ် နှင့် ဂျူဗင်တပ်စ်အသင်းတို့တွင် ကစားခဲ့ဖူးသူ ဆက်ဇ်နီက သူ့ရဲ့ ဆေးလိပ်သောက်သုံးမှုကို ဘယ်တော့မှ ဖုံးကွယ်ခြင်းမရှိဘဲ ထိုအချက်များကို မေးခွန်းထုတ်စရာဟု မှတ်ယူနိုင်သော်လည်း သူ့ ဆုံးဖြတ်ချက်များကို ပရော်ဖက်ရှင်နယ် နှင့် ပုဂ္ဂိုလ်ရေး အရ တာဝန်ယူခဲ့ပါတယ်။

ကြီးမားတဲ့ အောင်ပွဲများအပြီးတွင် ဆေးလိပ်သောက်နေတဲ့ သူ့ရဲ့ ပုံရိပ်များကို ရှေးယခင်က တွေ့ခဲ့ဖူးသော်လည်း၊ ESPN သို့ သူက ဆေးလိပ်သောက်ခြင်းကို လှပတယ်လို့ မပြသရန် ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။ "ဘောလုံးကစားခြင်းနှင့်ပတ်သက်လာရင်၊ ကျွန်တော်ဟာ လူငယ်တွေ ဒါမှမဟုတ် အသင်းဖော်တွေအတွက် စံနမူနာကောင်းတစ်ဦးဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်"
  
"ဒါပေမယ့် ကျွန်တော့်ရဲ့အလုပ်အကိုင်မှာ သင်လိုက်မလုပ်သင့်တဲ့ အရာတွေလည်းရှိပါတယ်။ တချို့အချက်တွေမှာ ကျွန်တော် စံနမူနာမကောင်းဖြစ်မိတယ်။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အသင်းဖော်တွေ၊ ကျွန်တော်တို့ကို ကြည့်ရှုနေတဲ့ လူငယ်တွေအတွက် မှန်ကန်တဲ့ ဥပမာဖြစ်အောင် ကြိုးစားပါတယ်"
  
"ဆေးလိပ်သောက်တဲ့အကြောင်းပြောရရင် ကျေးဇူးပြု၍ ကျွန်တော့်အတိုင်းမလုပ်ပါနဲ့။ ဒါကိုလည်း မလုပ်နဲ့။ ကျွန်တော် ရှုံးနိမ့်ခဲ့ပါပြီ။ ငယ်ငယ်တုန်းက ကျွန်တော် အလွန်ဆိုးရွားတဲ့ အကျင့်တစ်ခုကို ဖန်တီးမိခဲ့တယ်။ အခုလည်း ဆက်ရှုံးနေတုန်းပဲ။ ဒါကြောင့် ဒီအရာကို ကြည့်နေတဲ့ လူတိုင်းအတွက် ကျွန်တော်လုပ်ခဲ့တာကို မလိုက်လုပ်ပါနဲ့"  လို့ ပြောပါတယ်။

ဆက်ဇ်နီဟာ အခြားသူများက တားမြစ်ထားသည့် အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ပြောဆိုရန် သဘောထားရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။  "ဘာလို့လဲဆိုတော့ ကျွန်တော်က နိုင်ငံရေးသမားမဟုတ်ဘူး။ ဂိုးသမားတစ်ယောက်ပဲ။ ဘောလုံးကို ဖမ်းရမယ်၊ ကန်ရမယ်။ ရိုးသားပြီး ဘယ်တော့မှ မညာဘူးဆိုရင် သင့်ရဲ့ ယခင်အင်တာဗျူးတွေနဲ့ ကိုက်ညီဖို့ ပိုလွယ်ပါတယ်"

"မင်းမေးတာကို ကျွန်တော် ဖြေမယ်။ ကျွန်တော် မပြောချင်တဲ့ အကြောင်းတွေလည်းရှိတယ်။ ဆေးလိပ်အကြောင်းလည်း မပြောချင်ဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က မေးရင် 'ဟုတ်ကဲ့၊ ကျွန်တော်သောက်တယ်' လို့ပဲ ဖြေပါမယ်။ ဒါပေမယ့် ဒီမေးခွန်းကို မမေးစေချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က မကောင်းတဲ့ စံနမူနာမဖြစ်ချင်လို့ပါ" လို့ ပြောပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဆက်ဇ်နီဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ၂၅ ကြိမ်ကစားခဲ့ပြီး၊ နွေရာသီတွင် သက်တမ်းကုန်ဆုံးမယ့် ရေတိုစာချုပ်ကို အသင်းက တိုးမြှင့်ပေးနိုင်ကြောင်း အဆိုပြုချက်များရှိနေပါတယ်။