The network connection is lost.

Banner Image

‌ဗယ်လီကာနိုနဲပွဲစဉ်မှာ ဘာစီလိုနာအတွက် တစ်မှတ်ထက်ပိုပြီး ထိုက်တန်မယ့်အရာ မရှိပါဘူးလို့ ဝန်ခံလိုက်တဲ့ ဟန်စီဖလစ်ခ်

ဗယ်လီကာနိုနဲ့အဝေးကွင်းမှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ လာလီဂါပွဲစဉ်နဲ့ပတ်သက်လို့ အကြောင်းပြချက်ပေးဖို့ ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ် မစဉ်းစားထားပါဘူး။ အခုအဝေးကွင်းပွဲစဉ်အတွင်း ကတ္တလန်သားတွေက ရုန်းကန်နေရတဲ့ပုံစံကို ဆက်လက်ပြသခဲ့ပြီး စက်တင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင် မဟာပြိုင်ဘက်ရီးရဲလ်မက်ဒရစ်နဲ့ နှစ်မှတ်အကွာအနေအထားဆီ ရောက်ရှိသွားပါတယ်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ လတ်တလောကာလအထိ ရီးရဲလ်မက်ဒရစ်က သုံးပွဲကစား၊ သုံးပွဲ အနိုင်ရရှိထားပြီး ဟန်စီဖလစ်ခ်ရဲ့အသင်းကတော့ ခုနစ်မှတ်သာ ရှာဖွေထားနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက သူ့အသင်းဟာ ပုံမှန်အဆင့်အတန်းအောက် ရောက်ရှိနေပြီး စက်တင်ဘာနိုင်ငံတကာသီတင်းပတ်အလွန်ကာလမှာ ပုံစံကောင်းပြန်ရရှိအောင် လုပ်ဆောင်သွားကြဖို့ တောင်းဆိုခဲ့ပါတယ်။

ပွဲစဉ်အပြီး ဟန်စီဖလစ်ခ်က “ တစ်မှတ်ဆို ကောင်းကောင်းလုံလောက်ပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့အတွက် ဒီထက်ပိုပြီးတော့လည်း မထိုက်တန်ပါဘူး။ ဂျိုအန်ဂါစီယာ၊ အဲရစ်ဂါစီယာနဲ့ ခရစ္စတန်ဆန်တို့လည်း ခြေစွမ်းပိုင်းကောင်းမွန်ခဲ့ပါတယ်။ ပြဿနာရှိနေတာ ကွင်းလယ်နဲ့ တိုက်စစ်ပါ။ ကျွန်တော်တို့တွေ အမှားတွေအများကြီး ကျူးလွန်မိခဲ့ပါတယ်။ ကျွန်တော့်အသင်းနဲ့ပတ်သက်လို့ မပျော်ရွှင်မိပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။

ပုံမှန်အတိုင်း ထက်မြက်တဲ့ကစားပုံမျိုးနဲ့မဟုတ်ဘဲ ပွဲစဉ်အပေါ် လွှမ်းမိုးသင့်သလောက် မလွှမ်းမိုးနိုင်ဘဲ အမှားတွေ အများကြီးကျူးလွန်မိပါတယ်။ ကောင်းကောင်းမွန်မွန်ကစားနေတဲ့ အသင်းတစ်ခုနဲ့ ရင်ဆိုင်ရချိန် အမှားတွေ အများကြီးမပြုလုပ်မိစေဘဲ မတူညီတဲ့ကစားပုံမျိုးနဲ့ ကစားသွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီထက်ပိုကောင်းအောင် ကစားခဲ့သင့်တယ်”လို့ ပြောပါတယ်။ စက်တင်ဘာနိုင်ငံတကာသီတင်းပတ်အပြီး ဘာစီလိုနာက ဗလန်စီယာကို အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။