The network connection is lost.

Banner Image

ကစားသမားဟောင်းရဲ့စည်းကမ်းပိုင်း နဲ့ အာရုံစူးစိုက်မှုပြဿနာကြောင့် ခေါ်ယူဖို့ စဉ်းစားနေတဲ့ ကိုဗက်

ဒေါ့မွန်အသင်းနည်းပြ ကိုဗက်ကတော့ ဆန်ချိုကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမားရဲ့စည်းကမ်းပိုင်း နဲ့ အာရုံစူးစိုက်မှုပြဿနာကြောင့် စဉ်းစားနေတယ်လို့ သိရပါတယ်။ စကိုင်းသတင်းထောက် ပက်ထရစ်ရဲ့အဆိုအရ ဒေါ့မွန်နည်းပြ ကိုဗစ်ဟာ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အခြေအနေတွေကို စဉ်းစားနေတယ်လို့ ဆိုပါတယ်။

အသက် ၂၅ နှစ်သားဟာ ဒေါ့မွန်မှာ ၂ ကြိမ်ကစားခဲ့တာဖြစ်ပြီး ဒေါ့မွန်နည်းစနစ်ဒါရိုက်တာ ကီဟယ်ကလည်း ကစားသမားရဲ့အမာခံပရိသတ်ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဆန်ချိုကိုခေါ်ယူဖို့က နည်းပြအလိုရှိမှသာ ဖြစ်နိုင်ချေရှိနေပါတယ်။ ဆန်ချိုဟာ ၂၀၂၁ တုန်းက ယူနိုက်တက်ထံပြောင်းလာခဲ့ပေမယ့် ရုန်းကန်ခဲ့ရတာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၈၃ ပွဲမှာ ၁၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

အဲ့နောက် တန်ဟက်နဲ့အချင်းများခဲ့ပြီးနောက်မှာ အငှားထွက်ကစားခဲ့ရပြီး ဇန်နဝါရီမှာ ဒေါ့မွန်ထံအငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျာမန်မြေပြန်လာချိန်မှာ ဆန်ချိုတစ်ယောက် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် ဒေါ့မွန်ဘက်က အပြီးသတ်မခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ထံပြန်လာပြီးနောက် သိပ်မကြာလိုက်ပဲ ချဲလ်ဆီးထံ အငှားထပ်မံထွက်ခဲ့ရပါတယ်။ ချဲလ်ဆီးအနေနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်ပေမယ့် ပေါင် ၅ သန်းဖျက်သိမ်းကြေးသာပေးချေခဲ့ပါတယ်။

ဆန်ချိုဟာ လူငယ်ဘဝတစ်လျှောက် မန်စီးတီးမှာ ဖြတ်သန်းခဲ့ပြီး ၂၀၁၄ မှာ အကယ်ဒမီထံပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၃ နှစ်ကြာပြီးနောက်မှာ ဒေါ့မွန်ထံပြောင်းရွှေ့ခဲ့ပြီး ဆက်တိုက်တိုးတက်လာခဲ့ပါတယ်။ ကိုဗစ်က ခေါ်ယူဖို့ စဉ်းစားနေတာကြောင့် ဆန်ချိုအနာဂတ်က မသေချာသေးတာဖြစ်ပြီး ဂျူဗင်တပ်စ်ကလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် အင်္ဂလန်သားဟောင်းကိုမခေါ်ယူခင် ဘဏ္ဍာရေးပိုင်းကို ရှင်းလင်းရမှာဖြစ်ပါတယ်။ အာမိုရင်တော့ ဆန်ချိုအနေနဲ့ လာမယ့်ရာသီအသင်းအနာဂတ်မှာ မပါဝင်တော့ဘူးလို့ အသိပေးထားပြီးဖြစ်ကာ အပြောင်းအရွှေ့မပိတ်ခင် အသင်းသစ်ရှာဖွေရမှာဖြစ်ပါတယ်။