The network connection is lost.

Banner Image

မက်ဆီ၊ ဟာလန်းနဲ့ အမ်ဘာပေတို့ ဦးဆောင်လာတဲ့ ဖီဖာတစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်း

ယမန်နေ့ည ဖီဖာတစ်နှစ်တာ အကောင်းဆုံး ဆုတွေအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာရာမှာ အမျိုးသားကစားသမားဆုစာရင်းမှာ ဟာလန်းက အမ်ဘာပေ၊ မက်ဆီတို့နဲ့အတူ ဦးဆောင်လာခဲ့ပါတယ်။
 
ဟာလန်းဟာ ဆန်ခါတင်စာရင်းထဲ ပါဝင်လာတဲ့ ဖလားသုံးလုံးချန်ပီယံ မန်စီးတီးအသင်းရဲ့ ကစားသမားခြောက်ဦးထဲက တစ်ဦးအဖြစ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကလည်း ဆန်ခါတင်စာရင်းထဲ ပါဝင်လာတယ်ဆိုပေမယ့် ဒီနှစ်ဆုအတွက် အချိန်သတ်မှတ်ချက်က ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၂ရက်နေ့ကနေ ၂၀၂၃ခုနှစ် ဩဂုတ်လ၂၀ရက်နေ့ထိပဲ ဖြစ်ပါတယ်။
 
ဖီဖာအကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းထဲမှာ ပရီးမီးယားလိဂ်ကစားသမားတွေအဖြစ် ဟာလန်းနဲ့အတူ အယ်ဗာရက်ဇ်၊ ဒီဘရိုင်း၊ ဂမ်ဒိုဂန်၊ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဒီကလန်ရိုက်စ်တို့ ပါဝင်လာခဲ့ပါတယ်။ ခရိုအေးရှား ကွင်းလယ်လူ ဘရိုဇိုဗစ်၊ နာပိုလီတိုက်စစ်အတွဲ ခဗာရက်စ်ကီလီယာနဲ့ အိုဆီမန်တို့ဟာလည်း စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။
 
အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းမှာတော့ ပိုစတီဂိုဂလူ၊ ဂွါဒီယိုလာ၊ ဇာဗီနဲ့ စပယ်လက်တီတို့ ပါဝင်လာခဲ့ပါတယ်။ အကောင်းဆုံး ဂိုးသမားဆု ဆန်ခါတင်စာရင်းမှာ မန်စီးတီးဂိုးသမား အီဒါဆန်၊ ယူနိုက်တက်နဲ့ အင်တာမီလန်ဂိုးသမား အိုနာနာ၊ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တိုရစ်တို့ ပါဝင်လာခဲ့ပါတယ်။