The network connection is lost.

Banner Image

ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ကလပ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ ကြိုးပမ်းနေတဲ့ ကော်တင်ဟို

ကော်တင်ဟိုဟာ ဗာစကိုဒါဂါးမားအသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လီဗာပူး၊ ဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟောင်းဟာ အင်္ဂလန်ကလပ်အက်စတွန်ဗီလာမှာ ကစားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း သူ့ရဲ့ ဇာတိမြေကလပ်ဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေ ပိုမိုပြင်းထန်လာလို့ တခြားနေရာမှာ အခွင့်အလမ်းသစ်တွေ ရှာဖွေသွားရန် ကော်တင်ဟို စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

Globo သတင်းဌာနရဲ့ဖော်ပြချက်အရ ကော်တင်ဟိုက လက်ရှိစာချုပ်ကိုဆုံးခန်းတိုင်စေချင်တဲ့ သူ့ရဲ့ဆန္ဒကို အသင်းဥက္ကဋ္ဌပတ်ဒရင်ဟိုဆီ တိုက်ရိုက်တင်ပြခဲ့တယ်လို့ သိရပါတယ်။

အခုလိုတောင်းဆိုမှုကြောင့် ဗာစကိုဒါဂါးမားအသင်းတာဝန်ရှိသူ အံ့အားသင့်သွားခဲ့ပြီး ကွင်းလယ်တိုက်စစ်ကစားသမားဆီ ပြန်လည်စဉ်းစားဖို့ ဖျောင်းဖျပြောဆိုခဲ့ကြပါတယ်။

စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးမှုတွေရှိနေပေမဲ့ ပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ ပြည်တွင်းမီဒီယာတွေရဲ့ စောင့်ကြည့်ဝေဖန်မှုတွေကြောင့် အသင်းမှာ ဆက်ရှိနေဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေ ကြုံတွေ့နေရပြီး ကော်တင်ဟိုကိုယ်တိုင် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲမှာ မဟုတ်တော့ဘူးလို့ ယူဆရပါတယ်။