ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်ဖြစ်လာတဲ့ မန်စီးတီးတိုက်စစ်မှူး အိုမာ မာမွတ်ရှ်
မန်စီးတီးတိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို စပိန်အင်အားကြီးကလပ် ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုမာ မာမွတ်ရှ်ဟာ ဒီရာသီမှာ နည်းပြ ပက်ဂွာဒီယိုလာရဲ့လက်အောက်မှာ ပွဲထွက်ခွင့် အကန့်အသတ်နဲ့ပဲ ရရှိနေပြီး ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားထားရာမှာ ၅ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိထားတာပါ။
အသင်းမှာ အာလင်း ဟာလန်းက သူ့ထက်ဦးစားပေး တိုက်စစ်မှူးအဖြစ် ရှိနေတဲ့အတွက် မာမွတ်ရှ်ဟာ လာမယ့်နွေရာသီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။
Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ တိုက်စစ်မှူးအသစ်တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေတဲ့ ဘာစီလိုနာအသင်းဟာ ဒီအီဂျစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ရောဘတ် လီဝန်ဒေါစကီးက ကမ့်နူးကွင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရှိနေတာကြောင့် အသင်းရဲ့ လစာပေးချေမှုပိုင်းမှာ လိုအပ်နေတဲ့ နေရာလွတ်တွေကိုလည်း ပြန်လည်ရရှိသွားစေမှာ ဖြစ်ပါတယ်။